မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(လက်ပံပျား)မှ စက်မှုကျောင်းသား ကျောင်းသူများ 66/11KV (ပိန္နှဲတောဓာတ်အားခွဲရုံ) လုပ်ငန်းများ ကွင်းဆင်းလေ့လာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည်၊ မေ ၂၂ ရက်နေ့ နံနက်(၉)နာရီက ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးရှိ  66/11 KV, 20MVA ပိန္နဲတော ဓာတ်အားခွဲရုံသို့ ကွင်းဆင်းလေ့လာခဲ့ကြရာ၊ မြို့နယ်မန်နေဂျာနှင့် တာဝန်ခံအင်ဂျင်နီယားများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၂)မှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၂)မှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ ည‌နေပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ/ ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ​လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အထ ပိုမိုထွန်းကားလာစေရန်နှင့် စာဖတ်ခြင်း၏တန်ဖိုးကို သိရှိနားလည်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စာဖတ်ခြင်း၏အကျိုး အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် စက်မှုစိုက်ပျိုးရေးဘာသာရပ်ဆိုင်ရာ ဆင့်ပွားသင်တန်း(မြို့နယ်အဆင့်)သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်ပညာရေးမှူးမှ ကြီးမှူး၍ အခြေခံပညာအလယ်တန်းအဆင့် စက်မှု စိုက်ပျိုးရေးဘာသာရပ်ဆိုင်ရာ ဆင့်ပွားသင်တန်း(မြို့နယ်အဆင့်) သင်တန်းကို ယနေ့ နံနက်(၈)နာရီခွဲက ငါန်းဇွန်မြို့ အခြေခံ ပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပသည်။

ကျောက်ဆည်မြို့နယ်၌ နွေစပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အင်ဒိုင်းကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ယနေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်အဖြစ် နွေစပါးသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း ဖွင့်လှစ်သည်။

ငါန်းဇွန်မြို့နယ်၌ (ထက်/လယ်/မူ+ဘက)ကျောင်းအုပ်ကြီးများအား စာရင်းဇယားရေးသွင်းပြုစုနည်း ဆင့်ပွားသင်တန်း (မြို့နယ်အဆင့်)သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်ပညာရေးမှူးမှ ကြီးမှူး၍ (ထက်/လယ်/မူ+ဘက) ကျောင်းအုပ် ဆရာ/ဆရာမကြီးများအား စာရင်းဇယားရေးသွင်းပြုစုနည်း ဆင့်ပွားသင်တန်း (မြို့နယ်အဆင့်) သင်တန်းကို ယနေ့ နံနက်(၁၀)နာရီက ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပသည်။

မြစ်သားမြို့နယ် ပန်းလောင်မြစ်အတွင်း၌ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် နွားကူးကြီးကျေးရွာအုပ်စု၊ နွားကူလေး ကျေးရွာအနီးရှိ  ပန်းလောင်မြစ်အတွင်း၌ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို မေ ၂၂ ရက် နံနက် ၇ နာရီက ကျင်းပသည်။

မြစ်သားမြို့နယ်၌ တောင်သူများအတွက်   မိုးရာသီ စိုက်ပျိုးစရိတ်ထုတ်ချေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ် အတွင်းရှိ တောင်သူများအား ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်းကို မေ ၁၅ ရက်မှစတင်၍  ထုတ်ချေး‌ကြောင်းသိရသည်။

မြင်းခြံမြို့၌ အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မြင်းခြံတက္ကသိုလ်၌ မူလတန်းပြ ဆရာ/ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း ဆင်း

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ မူလတန်းပြ ဆရာ/ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါ တက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး