မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့ မှန်နန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီက မှန်နန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပသည်။

ပုသိမ်ကြီးမြို့နယ်အတွင်း ပန်းခင်း(၃) ထပ်တိုးစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီ အောင်မြေသာစံခရိုင်၊ပုသိမ်ကြီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင်ပါဝင်သည့် ပြည်သူများဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပန်းခင်း(၃)ထပ်တိုးစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇန်နဝါရီ ၁၇ ရက်က ကွင်းဆင်းဆောင်ရွက်သည်။

ကျောက်ဆည်မြို့နယ်၌ ကျန်မာရေးဝန်ထမ်းများအား ပြည်သူ့သက်သာဈေးဖွင့်လှစ်ပြီးရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံ ကြီးတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား  ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  ပြည်သူ့သက်သာဈေးဖွင့်လှစ်၌ အခြေခံစားသောက်ကုန်များဖြစ်သည့် အသား၊ငါးနှင့်စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနိုင်ရေး မဲရုံများပြင်ဆင်ဆောင်ရွက်မှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင်းရှိ မဲရုံဖွင့်လှစ်မည့်နေရာများအား တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်အဖွဲ့ဝင်များ ဇန်နဝါရီ ၁၈ နံနက် ၉ နာရီက  ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ကျောက်ဆည်မြို့နယ်၌ ထင်းအစား အခြားလောင်စာသုံးမီးဖိုများသုံးစွဲရေး ရွေ့လျားတိုးချဲ့ အသိပညာပေးဟောပြောပွဲနှင့် စွမ်းအားမြှင့်အေဝမ်းမီးဖိုများ အခမဲ့ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ငှက္ကတောင်ကျေးရွာဓမ္မာရုံတွင် ယမန်နေ့နံနက်(၁၀)နာရီက သစ်တောပြုန်တီးမှုလျော့နည်းစေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ထင်းအစားအခြားလောင်စာသုံးမီးဖိုးများသုံးစွဲရေး ရွေ့လျားတိုးချဲ့ အသိပညာပေးဟောပြောပွဲနှင့် စွမ်းအားမြှင့် အေဝမ်းမီးဖိုများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ မြစ်သားမြို့နယ်အတွင်းရှိ မဲရုံပြင်ဆင်ထားရှိမှု ကြည့်ရှု စစ်ဆေး

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တာဝန်ရှိသူများသည် မြစ်သားမြို့နယ်အတွင်းရှိ ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ကျင်းပမည့်မဲရုံများ၏ ပြင်ဆင်ထားရှိမှု အခြေအနေများအား ဇန်နဝါရီ ၁၇ ရက် နံနက် ၈ နာရီ အချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ (ASI) မှ Director အဖွဲ့နှင့်ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူးတို့ တွေ့ဆုံ၍ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့်လုပ်ငန်းများဆွေးနွေး

၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ ၁၇ ရက်၊ညနေ ၃ နာရီအချိန်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲရုံးရှိ အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူး ဦးညီမွန်း ဦးဆောင်သော အရာထမ်း ၊ အမှုထမ်းများ ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင်များနှင့်အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ ၊ Archaeological Survey of India (ASI) မှ လာရောက်သည့် Director (၂) ဦးဖြစ်သော Mr. Sh Sundar Paul (Director, Conservation)နှင့် Dr.Manoj Kumar Bhatnagar (Director, Science, S & P)၊ပုဂံတွင်ရောက်ရှိ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေသည့် ASI အဖွဲ့မှ ပညာရှင် (၄)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြရွှေပြည်(ယာယီ)ကားကွင်းအတွင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီး တံခွန်မြို့နယ်တွင် ချမ်းမြရွှေပြည် (ယာယီ)ကားကြီး ကွင်းအတွင်း၌ မီးလောင်မီးလန့်မှုများမဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ယနေ့ နံနက်ပိုင်းက မီးဘေးလုံခြုံ ရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။

ညောင်ဦးမြို့၌ ဟိုတယ် မိုတယ် တည်းခိုခန်းလုပ်ငန်းများ မီးဘေးလုံခြုံရေးကွင်းဆင်း ဆောင်ရွက်  

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည်နှင့်အညီ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း များအား မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက် နှင့်အညီ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိရာ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊တောင်ဘီကျေးရွာအတွင်းရှိ Thiri Pyitsaya Sakura ဟိုတယ်တွင် ဟိုတယ်ဝန်ထမ်း ၆၀ ဦးခန့်အား ဟိုတယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေးကွင်းဆင်းဆောင်ရွက် အသိပညာပေးခြင်းနှင့်လက်တွေ့ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောပွဲကျင်းပ

မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက် Sweety Home Living Mallအရောင်းဆိုင်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး