တံတားဦးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

တံတားဦး မေ၂၁

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် မေလအတွက် အငြိမ်းစားပင်စင်ငွေများကို ယနေ့နံနက်(၇)နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည် ။

ထိုသို့ အငြိမ်းစားပင်စင်လစာငွေများထုတ်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေး မကောင်း သူများ၏  အငြိမ်းစားပင်စင်လစာငွေများကို ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူလိုပါက လိုအပ်သော အထောက်အထားများ ပြည်စုံမှန်ကန်စွာဖြင့် လာရောက်ထုတ်ယူနိုင်ပါကြောင်း ၊ အငြိမ်းစားပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက်  ဝန်ထမ်းများကစာရင်းဖြည့်သွင်းခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး အလှည့်ကျစနစ်ဖြင့် ထုတ်ယူနိုင်ရေးစီစဉ်ဆောင်ဆောင်ရွက်ပေးထား ကြောင်းကို မြို့နယ်မြန်မာ့စီပွားရေးဘဏ် တာဝန်ရှိသူထံမှသိရသည်။ အလားတူ မြို့နယ်အတွင်း ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို သက်မှတ်ရက်ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးမည်ဖြစ်သည်။

တံတားဦးမြို့နယ်အနေဖြင့် နိုင်ငံရေးအငြိမ်းစားပင်စင်ခံစားခွင့်ရှိသူ(၅၀)ဦး၊ ကာကွယ်ရေးအငြိမ်းစား ပင်စင်ခံစားခွင့်ရှိသူ(၅၀)ဦး၊ ဘဏ်အငြိမ်းစားပင်စင်ခံစားခွင့်ရှိသူ(၃)ဦး၊ မြို့ပြပင်စင်ခံစားခွင့်ရှိသူ (၃၂၀) ဦး၊ စုစုပေါင်း(၄၂၀) ဦးရှိပါကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)