မြစ်သား မေ ၂၁
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့ နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံးစဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံ ကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပွဲကို ယမန်နေ့မွန်းလွဲပိုင်း အချိန်က၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းရှေ့၊ မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် အခွန်လွတ် ဈေးရှေ့တို့တွင် စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြေစိုက်ပိုစတာစိုက်ထူပွဲကို မြို့နယ်ပညာရေးကြီးကြပ်မှူကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ပြည့်ဖြိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြပြီး “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပြီး အမွှေးနံ့သာများ ပျက်ဖျန်းခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်း အပ်နှံရေးသီတင်းပတ်ကာလကို မေလ (၂၂)ရက်နေ့မှ ဇွန်လ(၁) နေ့အထိဖြစ်ပြီး “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြက် ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်နှံခြင်းကို ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ဆရာမများ အားလုံးမှ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း မြို့နယ်ပညာရေး မှူးရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)