မဟာအောင်မြေ မေ၂၁
မန္တလေးမြို့တွင် မေလ (၂၁) ရက် ၀၂း၃၀ ချိန်ခန့်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ၀၄း၀၀ ချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ပဲပုတ္တန်းရပ်၊ အကွက်(၂၉၅)၊ ၈၉လမ်း၊ ၃၆x၃၇ လမ်းကြားရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် လူမနေသော ၃ ထပ် RC အဆောက်အဦမှာ ဘေးသို့တိမ်းစောင်းသွားခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် အဆိုပါ အဆောက်အဦမှာ ဖြိုဖျက်ရန်အတွက် သက်ဆိုင်ရာသို့ တင်ပြထားရှိပြီး အဆိုပါ ၃ ထပ် RC အဆောက်အဦသည် ပြိုလဲနိုင်သည့် အခြေအနေကြောင့် အဆောက်အဦဘေးရှိ ဖုန်းဆိုင် ၂ ဆိုင်နှင့် အိမ်ထောင်စု ၃ စုမှ လူဦးရေ ၁၀ ဦးအား ရပ်ကွက်အတွင်းရှိ ပဲပုတ်တန်း ဓမ္မာရုံနှင့် ရေပန်းဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေရာချထားကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဝေနှင့်အဖွဲ့ဝင်များ၊ မဏီစလ လူမှုကူညီရေးအသင်းတို့မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း