မန္တလေးတိုင်းဒေသကြီး

ငါန်းဇွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင်၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒနှင့်ပထဝီဝင်ဘာသာရပ်ကို ယနေ့နံနက် ၉နာရီမှစ၍ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်း တွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲအချိန်က အမရပူရမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆို​နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အမရပူရမြို့ပေါ်ရှိ ငလျင်ဒဏ်သင့်အိမ်ထောင်စုများအား ဆန်၊ ဆီနှင့်ပဲများထောက်ပံ့

မန္တလေး၊ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့ကကြီးမှူး၍ မြန်မာပြည်ဖွား တရုပ်မျိုးနွယ်စုများနှင့် စေတနာရှင်၊အလှူရှင်များ စုပေါင်း၍ မန္တလေး၊အမရပူရမြို့နယ်ရှိ ငလျင်ဒဏ်သင့်ပြည်သူများအား ဆန်၊ဆီနှင့်ပဲ ထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အမရပူရမြို့နယ်၊ လေးစုရပ်ကွက်ရှိ စံပြမေတ္တာလူမှုကူညီရေးအသင်းတွင် ပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် မိုးစပါးအထွက်တိုးမျိုးစေ့၊ သွင်းအားစုများနှင့် မျိုးစေ့ချကိရိယာများပံ့ပိုး

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်သမဝါယမဦးစီးဌာနမှ မိုးစပါးစီမံကိန်းသီနှံစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား မိုးစပါးမျိုးစေ့၊ သွင်းအားစုများနှင့် မျိုးစေ့ချကိရိယာတို့အား ပံ့ပိုးပေးခြင်းကို ယမန်နေ့ညနေ(၃)နာရီက ပိတောက်ပင်ကျေးရွာနှင့် သစ်ဆိမ့်ပင် ကျေးရွာတို့တွင် ပြုလုပ်ခဲ့သည်။

အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် အဓိကပန်းတိုင် သီးနှံ(၁၀) မျိုး စိုက်ပျိုးနိုင်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၏ အဓိကပန်းတိုင်သီးနှံ (၁၀)မျိုးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အမရပူရမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့  နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ပြန်လည်ကျင်းပ‌စစ်‌ဆေးသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-12) တက္ကသိုလ်ဝင် စာမေးပွဲစတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူများ ဆက်လက်ဖြေဆို

၂၀၂၄-၂၀၂၅ ပညာသင်နှစ်  (Grade-12) တက္ကသိုလ်ဝင်စာ‌မေးပွဲ ပြန်လည်ကျင်းပစစ်‌ဆေးခြင်းများကို ဇွန်လ ၁၆ ရက်နေ့မှ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကျင်းပ‌ဖြေဆိုခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်  အ-ထ-က(စဉ့်ကိုင်)စာစစ်ဌာန၊ အထက(ပလိပ်)စာစစ်ဌာနနှင့် အ-ထ-က (ဘယ်လင်း) စာစစ်ဌာနတို့၌  ဇွန်လ ၁၉ ရက်နေ့ ယနေ့နံနက်ပိုင်းက စတုတ္ထနေ့အဖြစ် ဓာတု‌‌ဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိ‌‌ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် ဓာတု‌ဗေဒနှင့်ပထဝီဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူ ၂၁၀၀ ဦး စိတ်အေးချမ်းသာစွာ ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်‌‌မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်တွင် ပြန်လည်ဖြေဆိုသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်များကို ကျောင်းသား၊ကျောင်းသူများက စာစစ်ဌာန အသီးသီးတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။  ချမ်းမြသာစည်မြို့နယ်တွင် စာစစ်ဌာန( ၆)နေရာထားရှိကာ ယနေ့ ဓာတုဗေဒဘာသာရပ် ဖြေဆိုရာတွင် စာရင်းရှိကျောင်းသား /သူ (၂၀၉၁ ) ဦး၊ ပျက်ကွက် ကျောင်းသား/သူ ( ၃၆) ဦး၊ ဖြေဆို ကျောင်းသား/သူ (၂၀၅၅) ဦး ဖြေဆိုခဲ့ကြပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၈.၂၈ ရာခိုင်နှုန်းဖြစ်သည်။ ပထဝီ ဘာသာရပ်တွင် စာရင်းရှိကျောင်းသား /သူ (၄၅) ဦး၊ ဖြေဆိုကျောင်းသား/သူ (၄၅) ဦးဖြစ်ပြီး ရာခိုင်နှုန်းပြည့် ဖြေဆိုခဲ့ကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်လာရောက်ကြည့်ရှု

မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပဖြေဆိုလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အမှတ်( ၁၄) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို အားပေးကြည့်ရှုခဲ့သည်။

ညောင်ဦးမြို့နယ်၌  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်နှင့်ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စာစစ်ဌာနသုံးနေရာဖြင့်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်၍ ပထဝီဝင်ဘာသာရပ်နှင့် ဓာတုဗေဒဘာသာရပ်အား ကျောင်းသား/သူများဆက်လက် ဖြေဆိုလျက်ရှိကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး