အမရပူရ ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၏ အဓိကပန်းတိုင်သီးနှံ (၁၀)မျိုးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အမရပူရမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ အဓိကပန်းတိုင်သီးနှံ (၁၀)မျိုးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားရေး၊ ရေ၊ မြေ၊ ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြေဆွေးပုံ ပြုလုပ်သုံးစွဲရေး နည်းပညာပေး ဆွေးနွေးခြင်း၊ နည်းပညာပေးစင်တာအလိုက် သီးနှံအထွက်နှုန်း တိုးတက်ရေးဆောင်ရွက်ရန်နှင့်မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် နည်းပညာပြန့်ပွားရေး စင်တာများတွင်ဝန်ထမ်းများအား တာဝန်ချထားပြီး စင်တာတာဝန်ခံများနှင့် ကွင်းဝန်ထမ်းများမှ သီးနှံများပန်းတိုင်အထွက်နှုန်းတိုးတက်ရရှိရေးတို့အတွက် ဆောင်ရွက်ရမည့်ကိစ္စများကိုကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)