ညောင်ဦးမြို့နယ်၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသုံးမျိုးဖွင့်ပွဲအခမ်းအနားကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ)ကဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသုံးမျိုးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က Aureum Place Hotel ကျန်စစ်သားခန်းမ၌ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။