အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ၂ဝ၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

အောင်မြေသာစံ ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ၂ဝ၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်၊ အကွက် (၄၁၈) ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း (မန္တလေး) ၌ ဇွန်လ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးမှူး ဦးအောင်ဆန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့်အဖွဲ့ဝင်များ၊ ပုသိမ်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးဇင်ဝင်းထွန်းနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ လူမှုရေးအသင်း အဖွဲ့များ စုစုပေါင်း ၃၃၀ ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တက်ရောက်လာသူများက ကျွန်း၊ ကံ့ကော်၊ စိန်ပန်း၊ ယင်းမာ၊ ခရေ၊ တပေဘူတ၊ မန်ကျည်း၊ တမာ စသည့် သစ်ပင်မျိုး ၈ မျိုး၊ စုစုပေါင်းအပင် (၃၀၀) ကိုစိုက်ပျိုးကြ‌ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးမှုအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)