လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများအား ကိုဗစ်ရောဂါကြိုတင်ကာကွယ်ဆေး ထိုးနှံပေး

အောင်မြေသာစံ ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ဝန်ထမ်းများနှင့်မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇွန် ၂၀ ရက်မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၆၈လမ်း၊ လမ်း၃၀ရှိ တိုင်းဒေသကြီးရုံးတွင် ထိုးနှံပေးကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် သူနာပြုဆရာမများက လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး လက်အောက်ရှိ ရုံးအသီးသီးမှ ဝန်ထမ်း (၁၂၇) ဦး၊ မိသားစုဝင် (၁၁) ဦး၊ စုစုပေါင်း (၁၃၈) ဦးတို့အား ကိုဗစ်ရောဂါကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးကြရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)