အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

ချမ်းမြသာစည်    ဇွန် ၂၃

မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့  ၉ နာရီခွဲတွင် အမှတ် (၂၃)အခြေခံပညာ မူလတန်းလွန်ကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သူဇာက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါးသုံးစွဲမိပါက ဖြစ်တတ်သော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ စသည့်အကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။

ဟောပြောပွဲပြီးနောက် ကျောင်းသား၊ကျောင်းသူများသည် ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်/စာစောင်များ ခင်းကျင်းပြသထားမှုများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ချမ်းမြေ့ (ချမ်း/စည်)