ညောင်ဦးမြို့နယ်၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသုံးမျိုးဖွင့်ပွဲအခမ်းအနားကျင်းပ

ညောင်ဦး  ဇွန်  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ)ကဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသုံးမျိုးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က Aureum Place Hotel  ကျန်စစ်သားခန်းမ၌ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသုံးမျိုးဖွင့်ပွဲအခမ်းအနားတွင် ညောင်ဦးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်ကအဖွင့်အမှာစကားပြောကြားပြီး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသုံးမျိုးပို့ချမည့် သင်တန်းဆရာ ဦးကျော်ကျော်စိုးက မှ သင်ကြားပေးမည့် သင်တန်းသုံးမျိုးအကြောင်းအရာများအားရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းအား ဇွန် ၂၃ ရက်မှ ဇူလိုင် ၁၅ ရက်နေ့ထိ စာတွေ့၊လက်တွေ့ပို့ချသင် ကြားသွားမည်ဖြစ်ကြောင်းသိရသည်။             

ဒီပါလင်း