မြစ်သားမြို့နယ်တွင် ငလျင်ဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မင်းကုန်းရပ်ကွက်ရှိ၊ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ငလျင်ဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက ကျင်းပသည်။