မဟာအောင်မြေမြို့နယ်၌ အများပြည်သူများအား ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက်ကောက်ယူခြင်းဆောင်ရွက်

မဟာအောင်မြေ ဩဂုတ် ၇

မန္တလေးတိုင်းဒေသကြီး၊မဟာ‌အောင်မြေမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ  မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ကွင်းဆင်း ဆောင်ရွက်‌ပေးသည့်အပြင် မြို့နယ်ရုံးတွင် လည်းဝန်ထမ်းများက အများပြည်သူများအား ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက် (Biometrics Data) ကောက်ယူခြင်းလုပ်ငန်းများအား နေ့စဉ် ဆောင်ရွက်‌ပေးလျက်ရှိကြောင်းသိရသည်။

မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်အတွင်းနေထိုင်သူ အသက် (၁၀)နှစ် နှင့်အထက် ပြည်သူများ၏ Biographic Data နှင့် Biometrics Data ယူ၍   ဂဏန်း( ၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ် ထုတ်ပေးခြင်း လုပ်ငန်းများအား နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အောင်ဇော်မင်း