ကျောက်ဆည် ဩဂုတ် ၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ချည်မျှင်ရှည်ဝါသီးနှံများကို မိုးကြို၊ မိုးနှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုးကြကြောင်း သိရှိရပြီး သင်းဒီးရှေ့တန်းစခန်းရှိ ကျေးရွာအုပ်စု (၁၃)အုပ်စုတွင် ၂၀၂၅၊ ၂၀၂၆ ခုနှစ် မိုးချည်မျှင်ရှည်ဝါ ၇၆၁၂ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
မိုးချည်မျှည်ရှည်ဝါများစိုက်ပျိုးရာ၌ ဟံမြင့်မိုရ်ကျေးရွာအုပ်စုတွင် ဧက ၁၇၀ ၊ လယ်ကြီးကျေးရွာအုပ်စု တွင် ၃၀၃ ဧက၊ ပုန်းညက်ကျေးကျေးရွာအုပ်စုတွင် ၅၀၁ဧက၊ ကျားကာကျေးရွာအုပ်စုတွင်၂၆၄ဧက၊ သံရွာကျေးရွာအုပ်စုတွင် ၇၅၇ဧက၊ ခါးတက္ကုန်းကျေးရွာအုပ်စုတွင်၁၉၁ဧက၊ ဆူးလေကုန်းကျေးရွာအုပ်စုတွင် ၇၈၅ ဧက၊ ပေါက်ပင်ကွေ့ကျေးရွာအုပ်စုတွင် ၁၁၄ ဧက၊ မြေစိုမိုးကျေးရွာအုပ်စုတွင် ၂၁၉ ဧက၊ ပဲခင်းကျေးရွာအုပ်စုတွင် ၅၆၅ ဧက၊ ပေါင်လောင်ကျေးရွာအုပ်စုတွင် ၁၅၇၄ ဧက၊ တောင်တော်ကျေးရွာအုပ်စုတွင် ၁၃၆၅ ဧက၊ ကင်းကျေးရွာအုပ်စုတွင် ၈၀၄ ဧက စုစုပေါင်း ၇၆၁၂ဧက စိုက်ပျိုးထားကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ဝါချည်မျှင်ရှည်သီးနှံများကို သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းနှင့် သင်းတွဲ စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းများမှ ကျေးရွာအုပ်စုများတွင် အများအပြားစိုက်ပျိုးကြပြီး ဝါတစ်ဧက စိုက်ပျိုးမည်ဆိုပါက မြေပြုပြင်ခြင်းကုန်ကျစရိတ် ငွေကျပ် ၁၉၅၀၀၀၊ အပင်ပြုစုခြင်းအတွက် ကျပ် ၂၀၁၆၀၀၊ သွင်းအားစုကုန်ကျစရိတ် ကျပ် ၄၅၀၅၀၀ စုစုပေါင်း ကျပ် ၈၄၇၁၀၀ ခန့်ရှိကြောင်း ဝါစိုက်ပျိုးတောင်သူများထံမှ သိရသည်။
သက်မောင်(ကျောက်ဆည်)