မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့၊ အ.လ.က(ကျောက်တိုင်)တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (ကျောက်တိုင်)တွင် ကျင်းပခဲ့သည်။

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ စာအုပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာန တို့ပူးပေါင်း၍   ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ  ကျောင်းစာအပြင် အသိပညာ ဗဟုသုတများ ပြည့်စုံစေရန်  ဩဂုတ် ၆ ရက် မွန်းလွဲ(၃)နာရီက ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲ ၊ စာအုပ်စာစောင်ပြပွဲ ကျင်ပကြောင်း သိရသည်။

မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်တက္ကသိုလ်နှင့် အမှတ်(၁၈)မူးယစ်တပ်ဖွဲ့စု(မန္တလေးတောင်ပိုင်း)တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို  ဩဂုတ် ၆ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပသည်။

ပြည်ကြီးတံခွန်မြို့နယ် အထက(၂၇)တွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် အထက(၂၇) အောင်တံခွန်ခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီက လူငယ်ရေးရာ ဟောပြောပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပဆောင်ရွက်သည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ကိုယ်ကာယကြံ့ခိုင်မှုအေရိုးဗစ်(အခြေခံနှင့် အဆင့်မြင့်) သင်တန်းဆင်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုအေရိုးဗစ် (အခြေခံနှင့်အဆင့်မြင့်) သင်တန်းဆင်းပွဲကို ဩဂုတ်၆ရက် မွန်းလွဲ၁နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား  တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် သည်  ဩဂုတ်၆ရက်နံနက်ပိုင်းက  တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ရမည်းသင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတပြည့်ဝစေရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို KEC ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ် ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာဟိန်းလတ်၏ မှတ်ဉာဏ်ရင့်သန်ထက်မြက်စေရန် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရေဘေးအန္တရာယ် ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား(ပထမ)အကြိမ် ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရေဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား (ပထမ)အကြိမ်ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဘူတာရပ်ကွက် ရတနာအောင်မြေဘုရားဝန်းအတွင်းရှိ ဓမ္မာရုံ၌ ပေးအပ်လျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ လူငယ်စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းဆောင်ရွက်သော လူငယ်စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး