မြစ်သားမြို့နယ်အထွေထွေအုပ်ချုပ်ရေး‌ဦးစီးဌာနမှ ဝါ‌ခေါင်လဆန်း(၁၄)ရက်နေ့ သံဃိကသံဃာ့ဒါန အရုဏ်ဆွမ်းလောင်းလှူပူဇော်

မြစ်သား သြဂုတ်  ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလတစ်လျှောက်လုံး မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကို ဆွမ်း၊ ဆွမ်းဟင်းလောင်းလှူပူဇော်နေကြ သံဃိကသံဃာ့ဒါန အာရုဏ်ဆွမ်း၊ ဆွမ်းဟင်းအာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယနေ့ဝါ‌ခေါင်လဆန်း (၁၄)ရက် ယနေ့နံနက် ၄ နာရီခွဲမှစတင်၍ မင်းကုန်းရပ်ကွက်ရှိ မေတ္တာရှင် လူမှုကူညီရေးအသင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရုဏ်ဆွမ်း လောင်းလှူပူဇော်ခဲ့ကြသည်။

ထိုသို့ အရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကို မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၁၆)ကျောင်းမှ ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော် အပါး(၁၂၀)ပါးတို့ကို ပင့်ဖိတ်၍ မင်းကုန်းရပ်ကွက်ရှိ မေတ္တာရှင်လူမှုကူညီရေးအသင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းအောင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းမိသားစု အလှူရှင်များမှ နိဗ္ဗာန်ရည်မှန်းစုပေါင်းထည့်ဝင်လှူဒါန်းအပ်‌သော သံဃိကသံဃာ့ဒါနအာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ကြပြီး လှူဒါန်းမှုအတွက် အလှူရှင်များက အမျှပေးဝေ ဝမ်းမြောက်ဝမ်းသာ သာဓု(၃)ကြိမ် ခေါ်ဆိုကြကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)