မန္တလေးတိုင်းဒေသကြီး

တံတားဦးမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများနှင့် ဝန်ထမ်း၊ ဝန်ထမ်းမှီခိုသူများအား သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ပွဲကျင်းပ

၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိငလျင်ဘေးဒဏ်သင့် ပြည်သူများနှင့်ဝန်ထမ်း၊ ဝန်ထမ်းမှီခိုသူများအား မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ မြို့နယ်ခန်းမ၌ကျင်းပကြောင်းသိရသည်။

ရတနာပုံတက္ကသိုလ်၌ အမှတ်(၂)တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်း သိကောင်းစရာ ဟောပြော

အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် အမှတ်(၂) တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်ဖွဲ့ဝင်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပသည်။

ပျော်ဘွယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအသိပညာပေး

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်၈ရက် နံနက် ၉နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

အောင်မြေသာစံခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်အတွင်း ငါးကောင်ရေ ခုနစ်သိန်း စိုက်ထည့်

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ဩဂုတ် ၈ရက် နံနက် ၈နာရီက မန္တလေး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်ညောင်ကွဲရပ်ကွက် မြို့ပတ်လမ်းအနီးရှိ  ညောင်ကွဲ ဆိပ်ကမ်းတွင် ကျင်းပသည်။

ရမည်းသင်းမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်အသုံးပြုမဲပေးခြင်း သရုပ်ပြ

ရမည်းသင်းမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးခြင်းဆိုင်ရာ လုပ်ငန်းများနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်တွင် သင်းရတနာခန်းမ၌ ရမည်းသင်းခရိုင်/ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား‌ဆောင်ရွက်ပေးသည်။

တရုတ်နိုင်ငံကုန်သည်ကြီးများအသင်း(မန္တလေး)နှင့် တရုတ်ကုန်သည်ကြီးများအသင်း (အထက်မြန်မာပြည်)တို့က (၁၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူ

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့ကဦးစီး၍ တရုတ်နိုင်ငံကုန်သည်ကြီးများအသင်း(မန္တလေး)နှင့် တရုတ်ကုန်သည်ကြီးများအသင်း(အထက်မြန်မာပြည်)တို့က (၁၂)ကြိမ်မြောက် (စတုတ္ထပတ်)စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို ဩဂုတ်လ ၈ ရက်(ဝါခေါင်လပြည့်)နေ့ နံနက် ၆ နာရီက ပြုလုပ်ခဲ့ကြသည်။

တရုတ်သံရုံးမှ ကိုယ်စားလှယ်နှင့်အဖွဲ့ဝင်များ ကျောက်ပန်းတောင်းမြို့ရှိ အခြေခံပညာကျောင်းများသို့ ရုံးသုံးပစ္စည်းများနှင့် စာရေးကိရိယာများ ပေးအပ်

ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ကိုယ်စားလှယ် Mr.Li Qian Gyi  နှင့် အဖွဲ့ဝင်များသည် ဩဂုတ် (၇)ရက် မွန်းလွဲ ၁ နာရီက ကျောက်ပန်းတောင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင်ဓမ္မာရုံတွင် မြို့နယ်တာဝန်ရှိသူများ အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားကျေင်းသူများနှင့်တွေ့ဆုံ၍ ရုံးသုံးပစ္စည်းများနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းသည်။

စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲ၊ပုံပြော၊ကဗျာရွတ်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲက အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  မုန့်ပေါင်းကျေးရွာ “အလင်းသစ်” စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့် တိုက်နှင့်ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(ဒုတိယပတ်) လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် (ဒုတိယပတ်) လှုပ်ရှား‌မှုကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့သစ်ရပ်ကွက်အတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ နံနက် ၁၁ နာရီက သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်း သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး