မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ (၁၁၄)ကြိမ်မြောက်မဟာဘုံကထိန်ပွဲတော် ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချတရားနာယူပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၈)ရက်နေ့မှ စတင်ကျင်းပခဲ့သည့် မြို့နယ်လုံးဆိုင်ရာ (၁၁၄)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်တွင် ကထိန်သင်္ကန်းနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ် လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူခြင်းကို နိုဝင်ဘာလ(၄)ရက်နေ့ မွန်းတည့်(၁၂)နာရီက မြို့နယ်ရာပြည့်သာသနာ့ဗိမာန်တော်တွင် ကျင်းပသည်။

ညောင်ဦးခရိုင်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပခဲ့သည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဘုရားများတွင် ဆီမီးပူဇော်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီပုထိုးများအား   တန်ဆောင်မုန်းလပြည့်နေ့ ည  ၇ နာရီအချိန်မှ စတင်ကာ ရွှေစည်းခုံ ဘုရားကြီးနှင့်သမိုင်းအထင်ကရ ဘုရားများတွင် ဆီမီးပူဇော်ခဲ့ကြကြောင်းသိရသည်။

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ၃၆ ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်လှူဒါန်းပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ၃၆ ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်လှူဒါန်း ပူဇော်ခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မြစ်သားမြို့တွင် ၁၃၈၇ခုနှစ်၊ (၈၈)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်ကြီးအား မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပဒေသာပင်များ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တွင် ရှေးဟောင်းသမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ၁၃၈၇ခုနှစ်၊ (၈၈) ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်ကြီးအား မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပဒေသာပင်များ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပွဲကို ယနေ့ မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့ နဂါးရုံမဟာဗောဓိစေတီတော်၌ (၅၅)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်တွင် တည်ထားကိုးကွယ်သော နဂါးရုံမဟာ ဗောဓိစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ (၅၅) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ စေတီတော် ပညာဓိကတန်ဆောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကြက်ဟင်းခါးသီးနှံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစု တစ်ဖက်တလမ်းမှ ဝင်ငွေရ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရရှိရေး ဘူး၊ ဖရုံ၊ သခွား၊ ကြက်သွန်၊ ခဝဲ၊ ကြက်ဟင်းခါး၊ နံနံ၊ ဆလပ်၊ မုံညင်း စသည့် မီးဖိုချောင်သုံး အသီးအနှံများ စိုက်ပျိုးကြရာ ကြက်ဟင်ခါးသီးနှံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုတစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိပြီး စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအားလေ့လာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်က တပ်မတော် လေယာဉ်ဖြင့် ပုဂံ-ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်ဟိန်းဆက်၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်ကိုဦး၊ ညောင်ဦးခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညို၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးသော်ထိုက်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေလင်းစိုး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးညီမွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ကျောင်းသား/သူများမှ ပုဂံခေတ်ဝတ်စုံဖြင့် ကြိုဆိုခဲ့ကြပြီး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မော်တော်ယာဉ်ဖြင့် လေဆိပ်မှထွက်ခွာလာရာ Aureum Palace Hotel သို့ရောက်ရှိခဲ့ကြသည်။

မြစ်သားမြို့ မဟာပျိုးခင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆဌမအကြိမ်မြောက်စုပေါင်းမဟာဘုံ ကထိန်အလှူတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မဟာပျိုးခင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆဌမအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် မင်္ဂလာအုဠ်‌ကျောင်းရှိ ဧဟိပဿိကဓမ္မာရုံ၌ ကျင်းပခဲ့သည်။

(၇၃)နှစ်မြောက် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဘောလုံးအားကစားပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ပြည်သူ့အားကစားကွင်း၌ ယမန်နေ့မွန်းလွဲ(၃)နာရီခွဲက (၇၃)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အမျိုးသား/အမျိုးသမီးဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်ဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး