ကျောက်ဆည် နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ပြည်သူ့အားကစားကွင်း၌ ယမန်နေ့မွန်းလွဲ(၃)နာရီခွဲက (၇၃)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အမျိုးသား/အမျိုးသမီးဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်ဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘောလုံးအားကစားအသင်းများ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပြီးဖွင့်ပွဲအား ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က အားကစားကွင်းအတွင်းသို့ ဘောလုံးကန်သွင်း၍ ဖွင့်လှစ်ပေးခဲ့ပြီး အမျိုးသား(က)အသင်းနှင့်(ခ) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ (က)အသင်းမှ(၅)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရှိရကြောင်းနှင့် အမျိုးသားဘောလုံးပြိုင်ပွဲ၌ အသင်း(၄)သင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ အသင်း(၂)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)