ကျောက်ဆည်ခရိုင်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိုပြိုင်ပွဲများအဖြစ် အထက်တန်းအဆင့်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဆက်လက်ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိုပြိုင်ပွဲအဖြစ် နိုဝင်ဘာ (၇) ရက် နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန၌ အထက်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။