ညောင်ဦး နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပခဲ့သည်။
စာဖတ်ရှိန်မြှင့်တင်ရေ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားပြီး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးသော်ထိုက်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ရည်မွန်သူက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရာတွင် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများ၊ ကျင်းပမည့်နေရာရွေးချယ်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေးပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများထည့်သွင်းကျင်းပနိုင်ရေးတို့အား Power Point ဖြင့်ရှင်းလင်းတင်ပြဆွေးနွေးသည်။ ဆက်လက်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ညောင်ဦးခရိုင်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညို၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သော်ထိုက်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်အဖွဲ့ဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်း၊ ညောင်ဦးမြို့နယ်ပညာရေးမှူး၊ကျောက် ပန်းတောင်းမြို့နယ် ပညာရေးမှူးနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း