မြစ်သားမြို့ မဟာပျိုးခင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆဌမအကြိမ်မြောက်စုပေါင်းမဟာဘုံ ကထိန်အလှူတော်ကျင်းပ

မြစ်သား နိုဝင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မဟာပျိုးခင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆဌမအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် မင်္ဂလာအုဠ်‌ကျောင်းရှိ ဧဟိပဿိကဓမ္မာရုံ၌ ကျင်းပခဲ့သည်။

‌ရှေးဦးစွာ မင်္ဂလာအုဠ်‌ကျောင်းဆရာတော်အရှင် ကောလိတသာသနဓဇဓမ္မာစရိယထံမှ ကျောင်းအုပ်ဆရာကြီးဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်ကြီးများက ပရိတ်တရားတော် များချီးမြှင့်တော်မူကြသည်။ မဟာပျိုးခင်းကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက ငွေသားတန်ဖိုး ၃၅သိန်း၊ ပစ္စည်းတန်ဖိုး -၂၅သိန်း၊ ထမင်းဧည်ခံ -၃၅ သိန်းအား ဆရာတော်ကြီးများအား ဆက်ကပ်လှူဒါန်းကြပြီး  လှူဒါန်းမှုအစုစုအတွက် မင်္ဂလာအုဠ်‌ကျောင်းဆရာတော်ထံမှ ရေစက်ချတရားနာယူကြပြီး ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်၍ ဧည့်သည်တော်များအား ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)