ရန်ကုန်တိုင်းဒေသကြီး

မှော်ဘီမြို့နယ်၌ မြို့နယ်စာရေးဆရာအသင်း ပြန်လည်ဖွဲ့စည်းခြင်းနှင့် စာပေရေးရာဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် စာရေးဆရာအသင်းအားဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီအား ပြန်လည်ရွေးချယ်ပွဲနှင့် စာပေဆိုင်ရာဆွေးနွေးခြင်းကို ယမန်နေ့နံနက်က မှော်ဘီဆရာသိန်း စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်သူများ ဘေးအန္တရာယ်ကင်းစေရေး Quick Win စီမံချက်နှင့်အညီ စည်းကမ်းပျက်/ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တွံတေးမှလှိုင်သာယာသွား ကားလမ်းမကြီးရှိ ဘုရားငုတ္တိုကျေးရွာလမ်းဆုံတွင် တွံတေးမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်နေသော အိမ်စီး/ အငှား/ ကုန်တင်မော်တော်ယာဉ်များအား နိုင်ငံတော်မှ စက်သုံးဆီသုံးစွဲမှုလျှော့ချရေး သတ်မှတ်ထားသည့် စည်းကမ်းများနှင့် ညီညွတ်ခြင်းရှိ/မရှိ စစ်ဆေးအရေးယူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ ရန်ကုန်မြို့ ကမ္ဘာအေးကုန်မြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ပုရိဝုဏ် စိမ်းလန်စိုပြည်သာယာလှပမှုရှိစေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန့်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေးကုန်မြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ပုရိဝုဏ် စိမ်းလန်စိုပြည်သာယာလှပမှုရှိစေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

ကော့မှူးမြို့နယ်အတွင်း အန္တရာယ်ကင်းပရိတ်ရေများ လိုက်လံပက်ဖျန်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်၌ ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း နှစ်ရက်နေ့ညနေပိုင်းက  ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း ရပ်ကွက်များ၊ လမ်းများတွင် အန္တရာယ်ကင်းပရိတ်ရေများ လိုက်လံပက်ဖျန်း ပေးလျက်ရှိကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် ဆီဆိုင်များ၌ စက်သုံးဆီဖြန့်ဖြူးရောင်းချမှုများအား စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ် စက်သုံးဆီခြုံးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code/QR Codeဖြင့် စုံ/ မ ယာဉ်များကို နေ့အလိုက်စက်သုံးဆီရောင်းချနေမှု လိုက်လံစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက Winnerဆီဆိုင်၊ U P ဆီဆိုင်၊ APEX စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ကုသိုလ်တော်အဖြစ် ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီ) ၌ သန့်ရှင်းရေးဆောင်ရွက်

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသောကာလ၊ မြန်မာ့ရိုးရာယဥ်ကျေးမှုအရ နှစ်ဟောင်းကုန်၍ နှစ်သစ်နှစ်ဆန်းတွင် မြန်မာပြည်သူများသည် ပရဟိတလုပ်ငန်းများကို ကုသိုလ်ယူဆောင်ရွက်လျက်ရှိရာ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ကုသိုလ်တော်အဖြစ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီ) တွင် သန့်ရှင်းရေးလုပ်ငန်းများကို ဧပြီ ၁၇ ရက်နေ့ ညပိုင်းက ဆောင်ရွက်ခဲ့သည်။

မှော်ဘီမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး (စတုတ္ထ) အကြိမ်မြောက် နှစ်ဦးအထူး တရားပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ရွှေမော်တင်စေတီတော်ဂေါပကအဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်စု (၄၃) အုပ်စုမှ အုပ်ချုပ်ရေးမှူးများမှ ကြီးမှူးကျင်းပသော (စတုတ္ထ) အကြိမ်မြောက် နှစ်ဦးအထူးတရားပွဲကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်း (၂) ရက်နေ့ ည (၇) နာရီအချိန်က ရွှေမော်တင်စေတီတော်မြတ်ကြီး၏ ဝတ္တကမြေ၌ ကျင်းပသည်။

တိုက်ကြီးမြို့နယ်၌ သောက်သုံးရေရှားပါးသောဒေသများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့၌ နွေရာသီတွင် သောက်သုံးရေရှားပါးပြီး ရေလိုအပ်လျက်ရှိသည့်ဒေသများသို့ မြို့နယ်မီးသတ်ဦးစီးဌာနက သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မလေးရှားဝိုင်ကျေးရွာအုပ်စု၊ လိပ်ကြည်ကျေးရွာသို့ သွားရောက်လှူဒါန်းသည်။

အဖျောက်မြို့၌ အန္တရာယ်ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ နှစ်ဦးကာလတွင် မြို့သူမြို့သားများ ဘေးဘယာဝေးကွာ၍ အန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်ကာ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းက အဖျောက်မြို့တွင်းသို့ လှည့်လည်ဆောင်ရွက်သည်။

ဗိုလ်တထောင်မြို့နယ်၌အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်

ဗိုလ်တထောင်ခရ်ုင်၊ဗိုလ်တထောင်မြို့နယ်ပမှတ်( ၄  )ရပ်ကွက်ဓမ္မာရုံ၌ ၁၃၈၈ခုနှစ် မြန်မာနှစ်ဆန်း၁ရက် ညနေက ဗိုလ်တထောင်မြို့နယ်အတွင်း ပြည်သူများဘေးအန္တရာယ်  ကင်းဝေးစေရန်ရည်ရွယ်၍     အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်သည်။ 
Subscribe to ရန်ကုန်တိုင်းဒေသကြီး