ပြည်သူများ ဘေးအန္တရာယ်ကင်းစေရေး Quick Win စီမံချက်နှင့်အညီ စည်းကမ်းပျက်/ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များအား ကွင်းဆင်းစစ်ဆေး

တွံတေး ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တွံတေးမှလှိုင်သာယာသွား ကားလမ်းမကြီးရှိ ဘုရားငုတ္တိုကျေးရွာလမ်းဆုံတွင် တွံတေးမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်နေသော အိမ်စီး/ အငှား/ ကုန်တင်မော်တော်ယာဉ်များအား နိုင်ငံတော်မှ စက်သုံးဆီသုံးစွဲမှုလျှော့ချရေး သတ်မှတ်ထားသည့် စည်းကမ်းများနှင့် ညီညွတ်ခြင်းရှိ/မရှိ စစ်ဆေးအရေးယူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ဘုရားငုတ္တိုလမ်းဆုံ၌ ယာဉ်ထိန်းတပ်ဖွဲ့စု (၅၇)မှ တပ်ဖွဲ့ဝင်များသည် တာဝန်ကျ ဘုရားငုတ္တိုရဲကင်းမှ တပ်ဖွဲ့ဝင်များနှင့်အတူ တွံတေးမြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်နေသော အိမ်စီး/အငှား/ကုန်တင်မော်တော်ယာဉ်များအား နိုင်ငံတော်မှ စက်သုံးဆီသုံးစွဲမှုလျှော့ချရေး သတ်မှတ်ထားသည့် စည်းကမ်းများနှင့် ညီညွတ်ခြင်းရှိ/မရှိ စစ်ဆေးခြင်း စည်းကမ်းပျက်မော်တော်ယာဉ်များ မော်တော်ဆိုင်ကယ်များ/ ပါဝါအိပ်ဇောများ တပ်ဆင်အသုံးပြုနေသောယာဉ်များ သတ်မှတ်နံပါတ်ပြား မတပ်ဆင်သည့်/ မော်တော်ဆိုင်ကယ်များ/ မော်တော်ယာဉ်များ/ အလှဆင်နံပါတ်ပြားများ တပ်ဆင်အသုံးပြုမှုမရှိစေရန် အိုးဝေများ ဘေးတွဲဆိုင်ကယ်များအား ညာကပ်မောင်းစနစ် ကပ်မောင်းနှင်စဉ် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် မေးသိုင်းကြိုးများ စနစ်တကျတပ်ဆင်ရန် ပညာပေးစစ်ဆေးဆောင်ရွက်လျက်ရှိပြီး Quick Win စီမံချက်နှင့်အညီ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကာ ပညာပေးလက်ကမ်းစာစောင် (၃၅)စောင် ဝေငှထားရှိခဲ့ကြောင်း သိရသည်။

မျိုးလှိုင် တွံတေး