ရန်ကုန်တိုင်းဒေသကြီး

ကမာရွတ်မြို့နယ်တွင် စနေနေ့သန့်ရှင်းရေးဆောင်စွက်နေမှု ရန်ကုန်မြို့တော်ဝန်မှ လာရောက် ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက်(၇)နာရီ ၄၅ မိနစ်အချိန်က ကမာရွတ်မြို့နယ် အမှတ်(၁၀)ရပ်ကွက် အင်းယားလမ်းရှိ အ.ထ.က(၂)ကျောင်းတွင် စနေနေ့အထူးသန့်ရှင်းရေးကို ခရိုင်/မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေး၊ မြို့နယ်စည်ပင်ရုံးဝန်ထမ်းများ၊ ရေစီးရေလာဌာန၊ လမ်းတံတားဌာန၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဌာန၊ ပန်းဥယျာဉ်ဌာန၊ မြို့နယ်စည်ပင်ကျန်းမာရေး၊ ယာအုံဌာန၊ စုစုပေါင်း( ၉၀)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ငါးလွှတ်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီတွင် ကျင်းပသည်။

ထန်းတပင်မြို့နယ်၌ (၃၈) ဖြာမင်္ဂလာနှင့် အခြေခံယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

(၃၈) ဖြာ မင်္ဂလာတရားတော်မြတ်များကို လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) တို့ပူးပေါင်းဖွင့်လှစ်သည့် (၃၈) ဖြာမင်္ဂလာနှင့် အခြေခံယဥ်ကျေးလိမ္မာသင်တန်းကို ဧပြီလ (၁၈) ရက်နေ့ နံနက်ပိုင်းက ဆားကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့ကြသည်။

တာမွေမြို့နယ်၌ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် အဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကျင်းပသော မြို့နယ်လုံးကျွတ် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက် (၉၀) နှစ်နှင့်အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီးတွင် နှစ်သစ်အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူ‌ဇော်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့် မယ်လမုစေတီတော်ကြီးတွင် နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ‌ကို ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာ ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ၁၃၈၈ ရက်နေ့၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာ ရွတ်ဖတ်ပူဇော်ပွဲကို ယ‌မန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည်။

ကော့မှူးတွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ညနေက မြို့သစ်ရပ်ကွက် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၌ မြို့နယ်အတွင်းရှိ ပြည်သူများဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရန် ရည်ရွယ်၍  အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခဲ့ကြောင်း သိရသည်။

အင်းစိန်အကျဉ်း​ထောင်မှ အကျဉ်းသား ၇၉၄ ဦး လွတ်​ငြိမ်းခွင့်ရရှိ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် အင်းစိန်မြို့နယ် အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော အကျဉ်းသား အကျဉ်းသူများအနက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား(၅၃၁)ဦး၊ အကျဉ်းသူ(၂၆၃)စုစုပေါင်း(၇၉၄)ဦး လွတ်ငြိမ်းခွင့်ရရှိသည်။

၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားများပြား

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် နှစ်ဟောင်းကုန်လွန်၍ ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားများပြားလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ ရွှေတိဂုံစေတီတော်နှင့် ကျောက်တော်ကြီးဘုရားတို့အား ဖူးမြော်ကြည်ညို၊ ဇီဝိတဒါန ငါးနှင့် ငှက် ဘေးမဲ့လွှတ်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော်နှင့် ကျောက်တော်ကြီးဘုရားတို့အား ဖူးမြော်ကြည်ညိုပြီး ဇီဝိတဒါနအဖြစ် ငါးနှင့်ငှက်များကို သတ်မှတ်နေရာအသီးသီး ဘေးမဲ့လွှတ်ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး