မှော်ဘီ ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် စာရေးဆရာအသင်းအားဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီအား ပြန်လည်ရွေးချယ်ပွဲနှင့် စာပေဆိုင်ရာဆွေးနွေးခြင်းကို ယမန်နေ့နံနက်က မှော်ဘီဆရာသိန်း စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးနေလင်း(စာရေးဆရာမောင်ချိုဝေ)က စာရေးဆရာအသင်း၏ (၄)နှစ်တာကာလ၌ အသင်း၏ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းအား အသစ်ပြန်လည်ရွေးချယ်တင်မြှောက်ကြရာ သဘာပတိအဖြစ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် မြို့နယ်စာရေးဆရာအသင်းမှ ကော်မတီနှစ်ဦးဖြင့် မြို့နယ်စာရေးဆရာသင်းကော်မတီဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် ကော်မတီ(၃)ဦးကို ရွေးချယ်တင်မြှောက်ကြရာ ဥက္ကဋ္ဌအဖြစ် စာရေးဆရာ မောင်ချိုဝေ၊ အတွင်းရေးမှူးအဖြစ် ဦးထွန်းအောင်ရင်၊ ကော်မတီဝင်များအဖြစ် ဆရာမှော်ဘီထန်းသီး၊ ဆရာသစ္စာ(ညောင်ကျိုး)၊ ဆရာအောင်ပြည့်တို့အား ထောက်ခံအတည်ပြုကာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီတို့မှ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပြီး စာပေဆွေးနွေးပွဲစကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစန်းဝင်း