ကွမ်းခြံကုန်း ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ် စက်သုံးဆီခြုံးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code/QR Codeဖြင့် စုံ/ မ ယာဉ်များကို နေ့အလိုက်စက်သုံးဆီရောင်းချနေမှု လိုက်လံစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက Winnerဆီဆိုင်၊ U P ဆီဆိုင်၊ APEX စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
စစ်ဆေးရာတွင် စက်သုံးဆီရောင်းချနေမှုအခြေအနေများ ဆီလှောင်ကန်များတွင် စက်သုံဆီကျန်ရှိမှုအခြေအနေနှင့် စက်သုံးဆီရောက်ရှိ/ဖြန့်ဖြူမှုအား ညွှန်ကြားချက်များအတိုင်း စနစ်တကျဆောင်ရွက်စေရေး၊ သတ်မှတ်ရည်ညွန်းဈေးနှုန်းအတိုင်းရောင်းချစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ သိုလှောင်ရန်အတွက် ဝယ်ယူခြင်းများရှိပါက ရောင်းချမှုမရှိစေရေးစသည်များမှာကြားကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)