မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်အတွင်း သွားလာနေကြသော မော်တော်ယာဉ်မောင်းနှင်းနေသူများ ယာဉ်အန္တရယ်ကင်းရှင်းစေရေး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကျန်စစ်သားလမ်းမကြီးပေါ် ရွှေပေါက္ကံတံတားအဆင်းတွင် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။