သန်လျင်မြို့နယ်၌ အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်မြို့နယ် ဦးစီးမှူးရုံးမှ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အသက်(၁၀)နှစ် မှ (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ပြီး UID (Unique Identification Number) မကောက်ယူရသေးသည့် ပြည်သူများအား မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောင်းကုန်းဆိပ်ကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ဂျမား)တွင် အခြေပြု၍ ကျောင်းသား/သူများနှင့် ကျေးရွာနေပြည်သူများအား မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။