ရန်ကုန်တိုင်းဒေသကြီး

သန်လျင်မြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်၊ ကျေးရွာများ၌ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ပျဉ်းမငုတ်တိုနှင့် ဘာသာစကားဆက်သွယ်ချက် (စာတမ်းငယ်) ခေါင်းစဉ်ဖြင့် စာပေ ချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းရေးနှင့် ယာဉ်ရပ်နားမှု စနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းရေးနှင့် ယာဉ်ရပ်နားမှု စနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများ၊ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့နှင့် အမတ်(၃၀)ယာဉ်ထိန်းတပ်ဖွဲ့စုတို့မှ လူကုန်ကူးမှုအသိပညာပေး မှုခင်းကျဆင်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁၆)ရပ်ကွက်၊ အောင်ရတနာလမ်း၊ ကိုးနဝင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပုဇွန်တောင်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လမ်းပိတ်ဆို့မှုအား ရှင်းလင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၉)ရပ်ကွက်၊ ရေကျော်လမ်းတွင် သစ်ပင်လဲကျ၍ လမ်းပိတ် ဆို့မှုဖြစ်ပွားရာ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စတုတ္တအကြိမ်မြောက် သက် အမျိုးသားနေ့ အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော သက် တိုင်းရင်းသားတစ်မျိုးလုံး၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ထားသည့် သက်အမျိုးသားနေ့ကို နှစ်စဉ် မေလ (၁)ရက်နေ့တွင် ကျင်းပလျက်ရှိရာ စတုတ္တအကြိမ်မြောက် သက် အမျိုးသားနေ့ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၇)ရပ်ကွက်၊ သုခိတာလမ်းရှိ ဇောတိကာရုံကျောင်းတိုက်တွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ တောင်သူများအားစပါးခေါင်နှံဖြင့် မျိုးကောင်းမျိုးသန့်ရွေးချယ်ထိန်း သိမ်းနည်းများလက်တွေ့ပြသ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား အချိန်အတိုအတွင်းလိုအပ်သည့် စပါးမျိုးပမဏများကို မြန်မြန်ဆန်ဆန်ရရှိနိုင်ရန်အတွက် စပါးခေါင်နှံဖြင့် မျိုးကောင်းမျိုးသန့်ရွေးချယ် ထိန်းသိမ်းနည်းလက်တွေ့ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ရေပေါ်သောင်ကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တက်ရောက်

ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်သည့် (၂၀၂၆)ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စုပေါင်းရုံး၊ မြို့နယ်ခန်းမတွင် ပြုလုပ်ရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လူမှုဖူလုံရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ်၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ UMFCCIမှ ညွှန်ကြားရေးမှူးချုပ် CTUM ဥက္ကဋ္ဌတို့နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်ရုံ / အလုပ်ရုံများမှ အလုပ်သမားများ တက်ရောက်ကြသည်။

ကဆုန်လပြည့်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် အထူးပင်စည်ကားလျက်ရှိ

ယနေ့တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၈-ခုနှစ် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ “ဗျာဒိတ်ဖွားမြင် ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဆိုသည့်စကားအတိုင်း ယမန်နေ့နံနက်ပိုင်းအချိန်ကစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ကြသူများ၊ ဥပုသ်သီလ စောင့်တည်ကြသူများ၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူ၍ ကုသိုလ်ကောင်းမှုပြုသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ‌ ဈေးများတွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်

(၅-၅-၂၀၂၆)ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ မင်္ဂလာဈေး(ယာယီ)၊ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေးအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနက ဦးစီအရာရှိ ဦးနိုင်ဝင်းစိန်ဦးဆောင်၍ ယမန်နေ့(၁၃)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး