လဲချားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပါဝင်မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ ကိုင်ဆောင်ခွင့် လက်မှတ်တစ်ခုခုရရှိစေရေး ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပါဝင်မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ ကိုင်ဆောင်ခွင့် လက်မှတ်တစ်ခုခု ရရှိစေရေးအတွက် စက်တင်ဘာလ (၄) ရက်နေ့တွင် ဝမ်ပန်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။