ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ယမန်နေ့တွင် MEVM မဲပေးစက်ဖြင့် ဒေသခံပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရန် မဲဆန္ဒရှင်အသိပညာပေးသင်တန်းများကျင်းပရာ နောင်ချိုမြို့၊ တောင်ရှည်ကျေးရွာအုပ်စု၊ တောင်းခမ်းဘုန်းကြီးကျောင်း၌ ဆရာ/ဆရာမ (၃၇)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (၄)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၁)ဦး၊ ပြည်သူလူထု (၂၅၀)ဦးတို့အား ၉ နာရီမှ ၁၀ နာရီခွဲထိ မဲဆန္ဒရှင်အသိပညာပေးသင်တန်းကိုလည်းကောင်း၊ ၁၀ နာရီခွဲမှ ၅ နာရီခွဲထိ ဆရာ/ဆရာမများအား မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းကိုလည်းကောင်း၊ ကျောက်မဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် နောင်ချိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိတို့မှ သင်တန်းဖွင့်လှစ် ပို့ချခဲ့ပါသည်။