ခိုလမ် ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ အ.မ.က (နောင်ပိန်) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးနယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် စာအုပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့နယ်လှည့်ဟောပြောပွဲဆောင်ရွက်ရခြင်းသည် ကျောင်းသားလူငယ်များအား စာဖတ်ရှိန်မြင့်မားစေရန်၊ အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်ရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ကျောင်းစာများအပြင်ပြင်ပစာပေများမှ အသိပညာဗဟုသုတများရရှိ၍ အဖက်ဖက်မှ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစိုင်းဆိုင်ဟန်ဖ စာကြည့်တိုက်လက်ထောက် (၃) နှင့် အငယ်တန်းစာရေးတို့မှ သွားရောက်ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)