မိုင်းရှူး ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ယနေ့နံနက်(၁၁)နာရီက နန္ဒာသိန်းဇံ ရေးသားထားသော ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းရည်ရွယ်ချက် ရှင်းလင်းပြောကြားပြီး ဦးနေဝင်းအောင်က ဝိုးတဝါးလမ်းနှင့် အတွေးအမြင်အလင်းရောင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ဇာနည်နွယ်က တွေဝေခြင်းကို ကျောခိုင်းခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နန်းဝိုခမ်းက ခရီးသည်တွေဆီကအသံ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်စုကြူထွေးက အပြုအမူကောင်းတို့အတွက် ရည်မှန်းချက် စသည့်ခေါင်းစဉ်များဖတ်ရှုကြရာ ဖတ်ရှုမှုအပေါ် အပြန်အလှန်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုင်းရှူး(ပြန်/ဆက်)