နမ့်စန်(တ) ဇူလိုင် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ မြေပိုင်ဆိုင်မှုအခွင့်အရေးခိုင်မာစေရန်နှင့် စိုက်ပျိုးနေထိုင်မှုဘဝလုံခြုံစိတ်ချရစေရန်အတွက် ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သော ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၄)ကျေးရွာ အာသောကရာမကျောင်းတိုက်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
ဦးစွာ နမ့်စန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က ကျေးရွာမြေငှားဂရန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နမ့်စန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ အဖွဲ့ဝင် ဦးဇေယျာဟန်နှင့်ဌာနဆိုင်ရာအကြီးအကဲများက သတ်မှတ်ချက်စည်းကမ်းများနှင့် ကိုက်ညီသည့်ကျေးရွာမြေငှားဂရန် လျှောက်ထားသူ စုစုပေါင်း(၄၇)ဦးကို ပထမအကြိမ်အဖြစ် ကျေးရွာမြေငှားဂရန်များ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ကျေးရွာသူ/ကျေးရွာသားများက လက်ခံရယူကာ အခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)