တန့်ယန်း ဇူလိုင် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ထားသော မျိုးစေ့ချကိရိယာဖြင့် မိုးပဲပုတ် အစေ့ချစိုက်ပျိုးသည့် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်နေမှုအား ယနေ့ နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ်မှတာဝန်ရှိသူများ ကွန်နင်ကျေးရွာ၌ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ မျိုးစေ့ချကိရိယာဖြင့် ဆီထွက်မိုးပဲပုတ် အစေ့ချစိုက်ပျိုးသည့် ကွင်းသရုပ်ပြပွဲဆောင်ရွက်မှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် တာဝန်ရှိ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှုအားပေးရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ရှင်းလင်းကာ တောင်သူ ဦးစိုင်းစာရေးဆု၏ ယာမြေ ၅ ဧကတွင် သရုပ်ပြသစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)