လဲချား အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်က အမှာစကားပြောကြားပြီး ၂၀၂၅ခုနှစ် ရွေးကောက်ပွဲဆိုင်ရာများဆွေးနွေးကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ရပ်ကျေးစာရေးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက တာဝန်ကျရာ ရပ်ကွက်/ကျေးရွာအသီးသီးရှိ မဲဆန္ဒရှင်စာရင်းများဖြစ်သည့် မြေပြင်ရှိ၊ ခရီးလွန်၊ စစ်ဘေးရှောင်၊ မသန်စွမ်းစသည့် စာရင်းများအားပုံစံ(၃)၊ ပုံစံ.၃(က)၊ ပုံစံ(၄)၊ ပုံစံ၄(ဂ)၊ ပုံစံ(၁၅)တို့ဖြင့် တိုက်ဆိုင်စစ်ဆေးသည်။ လဲချားမြို့အနေဖြင့် ရပ်ကွက် ၄ ရပ်ကွက်ကျေးရွာအုပ်စု ၁၉ အုပ်စု၊ လျာထားမဲရုံ ၃၃ ရုံ၊ ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်ဦးရေ ၂၅၈၇၅ ဦးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲ တာဝန်ရှိသူထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)