မိုင်းဆတ် အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းကျေးရွာအုပ်စု၊ယောင်းခကျေးရွာ၌ အောက်တိုဘာ ၁၉ ရက်က မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်သည်။
အခမ်းအနားတွင် မိုင်းဆတ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်တင်ဝင်းတို့က ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပဆောင်ရွက်သွားမည့်အခြေအနေများ၊ မဲဆန္ဒရှင်တစ်ဦးသိသင့်သိထိုက်သည့်အချက်များ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေး ဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်များ၏ တိကျမှု၊ လျင်မြန်မှုနှင့် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ ရက်မှစ၍ တစ်နိုင်ငံလုံးကပ်ထားကြေညာထားပြီး မဲဆန္ဒရှင်စာရင်းတွင် မပါဝင်ပါက ပုံစံ(၃)၊ ပုံစံ (၃-က)တို့ဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ လျှောက်ထားနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒေသခံမဲဆန္ဒရှင်ပြည်သူ (၁၁၇၃)ဦးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့် လက်တွေ့စမ်းသပ် မဲပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)