နောင်ချို အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် နောင်ချိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် မဲရုံအဖွဲ့ဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို နောင်ချို မြို့နယ်ခန်းမ၌ အောက်တိုဘာ ၁၈ရက်နှင့်၁၉ရက်တို့တွင် ကျင်းပသည်။
အဆိုပါသင်တန်းတွင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးစိုင်းထူးလင်းကျော် ဦးဆောင်သော ကော်မရှင်အဖွဲ့ခွဲဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြသသည်။
၎င်းနောက်တက်ရောက်လာသူများအား မဲပေးစက်တပ်ဆင်အသုံးပြုခြင်း၊ဖြုတ်သိမ်းခြင်းများကို လက်တွေ့ဆောင်ရွက်စေခဲ့ပြီး သင်တန်းသို့ သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမ (၉၂)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်