မူဆယ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း အသိပေးကြေညာ

မူဆယ် အောက်တိုဘာ ၂၀

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်းများကို ယနေ့နံနက်ပိုင်းကစတင်ပြီး မူဆယ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားရှိသည်။

မူဆယ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးအနေဖြင့် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်အထိ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်၍ စိစစ်လက်ခံအတည်ပြုထားသော သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀)၊ ပုံစံ(၁၀-က)နှင့် ပုံစံ(၁၀-ခ)များကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင်  အောက်တိုဘာ ၂၀ ရက်တွင် တစ်ပြိုင်တည်းကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)