ဂွမြို့ စည်ပင်ကျေးရွာ အ.မ.ကနှင့် ရွာသစ်ကုန်းကျေးရွာမူလွန်ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက စည်ကျေးရွာ မူလတန်းကျောင်း၌လည်းကောင်း၊ နေ့လယ် ၁၂ နာရီတွင် ရွာသစ်ကုန်းကျေးရွာ၊ မူလွန်ကျောင်းခန်းမ၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။