မိုင်းစံ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့မွန်းလွဲ (၁) နာရီအချိန်ခန့်က ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ၊ ဗဟုသုတဖွံ့ဖြိုးရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းစံမြို့ရုံးမှ မြိုးဦးစီးမှူး ဒေါ်ဥမ္မာထွေးမှ ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်နှင့် ကလေးအလုပ်သမားတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးလုပ်သားဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကမ္ဘာပေါ်နှင့် မြန်မာနိုင်ငံတွင် ကလေးလုပ်သားပေါင်းမည်မျှရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးလုပ်သားပပျောက်ရေးနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ အဆိုးရွားဆုံးပုံစံဖြင့် ကလေးများကိုခိုင်းစေခြင်းတွေက ဘာတွေလဲ ကလေးလုပ်သားပပျောက်ရန် လုပ်ဆောင်နေမှုများကို မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုင်းစံ (ပြန်/ဆက်)