ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရောက်လာသူများအား အလင်းဝင်ကတ် ထုတ်ပေးခြင်းနှင့် ဆုကြေးငွေ ထောက်ပံ့ခြင်းအခမ်းအနား တက်ရောက်
AA နှင့် PDF အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရောက်လာသူများအား အလင်းဝင်ကတ် ထုတ်ပေးခြင်းနှင့် ဆုကြေးငွေ ထောက်ပံ့ခြင်း အခမ်းအနားကို ဇွန် ၈ ရက် နံနက်ပိုင်းက စစ်တွေတပ်နယ်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။