ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်စနစ်များ ကွင်းပြပွဲ တက်ရောက်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေး စိုက်စနစ်များ ကွင်းပြပွဲကို ယနေ့နံနက်ပိုင်းက စနစ်ကျလယ်ယာမြေအဖြစ် ဖော်ဆောင်ထားသော စစ်တွေမြို့၊ ပြည်တော်သာစိုက်ကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စစ်တွေမြို့၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသူသား၊ ကျောင်းသူများ၊ ဒေသခံတောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။