ကျောက်ဖြူမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ကျောက်ဖြူ  ဇွန်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်လျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများကို ယမန်နေ့နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများမှာ အေးချမ်းစွာ ပညာသင်ယူလျက်ရှိသည်။

ထိုသို့ ဖွင့်လှစ်ရာတွင် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်ကြစို့” ဆောင်ပုဒ်များနှင့်အညီ အခြေခံပညာဦးစီးဌာနက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးကို မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံးတစ်ပြိုင်တည်း ဆောင်ရွက်ထားပြီးဖြစ်ရာ ယနေ့ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင်  ကျောင်းသား၊ ကျောင်းသူများမှလည်း ပျော်ရွှင်စွာဖြင့် ၎င်းတို့၏ သင်ခန်းစာများအား သင်ယူလျက်ရှိသည်။

ကျောက်ဖြူမြို့နယ်၌  ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၃၁ ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း ၃ ကျောင်း၊ စုစုပေါင်း ၃၄ ကျောင်းအား ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး အခြခံပညာမူလတန်းတွင် ၂၇၇၉ ဦး၊ အခြခံပညာအလယ်တန်းတွင် ၁၄၇၇ ဦးနှင့် အခြေခံပညာအထက်တန်းတွင် ၄၀၈ ဉီး၊ စုစုပေါင်း ၄၆၆၄ ဦးတို့ တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)