မွန်ပြည်နယ်

ရေးမြို့နယ်၌ သဘာဝဘေးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မွန်ပြည်နယ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်အရ ရေးမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် သဘာဝဘေးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့က အ-ထ-က(၃) နှင့် အ-မ-က(၆)တို့၌ ကွင်းဆင်းဆောင်ရွက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနား တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)တို့၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်သည့်အခမ်းအနား တက်ရောက်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို ဇူလိုင်လ ၁၆ ရက်နေ့မွန်းလွဲပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာရှိ SRI TRANG Co. Ltd ခရမ့်ရော်ဘာစက်ရုံနှင့် မော်လမြိုင်မြို့ စမ်းကြီးအင်းဝိုင်းရပ်ရှိ ခေတ်ဦးပန်းထိုးစက်ရုံသို့ ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၁၆ ရက်နေ့နံနက်ပိုင်းက မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာရှိ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မတီမှ ခွင့်ပြုထားသော ဖက်စပ်နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းဖြစ်သည့် Singapore နိုင်ငံ SRI TRANG Co. Ltd နှင့် ဧရာဟသ်ာကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ခရမ့်ရော်ဘာစက်ရုံသို့ရောက်ရှိခဲ့သည်။

ဘီးလင်းမြို့နယ်၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြပွဲပြိုင်ပွဲများ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ် (အ-ထ-က)ကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောခြင်းနှင့် မြေငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် မြေငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန် နေ့ နံနက်ပိုင်းက အ.ထ.က (ဘီးလင်း)ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ် (အ.ထ.က)ကော့ကရင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အထက)ကော့ကရင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်ဇော်ဦး၊ ဥပဒေအရာရှိဦးမျိုးထက်ကျော်၊ အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု သထုံမှရဲအုပ်စောထင်လင်း၊ ဒေါက်တာသက်နိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် စားသောက်ဆိုင်များ‌ ကျန်းမာရေးနှင့်အညီဘေးအန္တရာယ်ကင်းရှင်း‌ရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အညီဘေးအန္တရာယ်ကင်းရှင်း‌ရေး စစ်ဆေးခြင်းလုပ်ငန်းကို ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားတက်ရောက်

ကျောင်းသား၊ ကျောင်းသူများ ငလျင်ဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက နည်းစနစ်တကျ တုန့်ပြန်ကာကွယ်ခြင်းဖြင့် အသက်အန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ရေးမြို့နယ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးဟောပြော

ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မွန်ပြည်နယ်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.ထ.က - ခွဲ (အဏ္ဏဝါ)၊ အ.လ.က(၂)နှင့် အ.လ.က(၃)တို့တွင် ဆောင်ရွက်ပေးသည်။
Subscribe to မွန်ပြည်နယ်