မွန်ပြည်နယ်

ကျိုက်ထိုမြို့ အ.ထ.က(၂) ၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောခြင်း၊နံရံကပ် စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း  နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက (အမက)ဆံတိုက်ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့၊ အ-မ-က (၃)၊ ဆရာစံကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်လှုပ်ရှားမှုလုပ်ငန်းဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ဇူလိုင် ၁၄ ရက်နေ့ မွန်းလွဲပိုင်းက အ.မ.က (၃) ဆရာစံကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

မော်လမြိုင်မြို့ တိုင်းရင်းသားယဉ်ကျေးမှုစင်တာ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မင်းရွာကျေးရွာရှိ တိုင်းရင်း သားယဉ်ကျေးမှုစင်တာ၌  ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဇူလိုင် ၁၄ ရက်နေ့ မွန်းလွဲ(၁)နာရီက (အ.မ.က) ကဒုံးစီးကျောင်း၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ လဝက် ပုံမှန်လုပ်ငန်းညှိ့နှိုင်းအစည်းအ​ဝေး ပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ဌာနဆိုင်ရာများ၊ ရပ်/​ကျေးအုပ်ချုပ်​ရေးမှူးများနှင့် စာရေးဝန်ထမ်းများ​တွေ့ဆုံ၍ လဝက်ပုံမှန်လုပ်ငန်းညှိ့နှိုင်းအစည်းအ​ဝေးကို ယ​မန်နေ့ နံနက်ပိုင်းက အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနအစည်းအ​ဝေးခန်းမ၌ ပြုလုပ်သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မုဒုံမြို့နယ်ဘဏ်ခွဲ) မှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ပေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က သိမ်ကုန်းကျေးရွာရှိ ဒေသခံတောင်သူများအား ဆက်လက်ထုတ်ချေးပေးသည်။

မုဒုံမြို့နယ်တွင် အချိန်တိုအတွင်း ဝင်ငွေရရှိသည့် ငွေနှင်းမှိုစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ငွေနှင်းမှိုကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး အချိန်တိုအတွင်း မိသားစုဝင်ငွေပိုမိုရရှိလာကာ ယခုအချိန်တွင် ကျေးရွာများ၌ မှိုစိုက်ပျိုးရောင်းချသူများ များပြားလာ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ရေးမြို့နယ်၌ မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ  ကျင်းပ

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့်  မျိုးစေ့ချစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်၉နာရီက အစင်စံပြကျေးရွာတောင်သူဦးဆိုး၏ ဦးပိုင်အမှတ်၊ ၄၅/၂၊ ကွင်းအမှတ်-၁၁၆၀၊ ဧရိယာ ၆ ဒဿမ ၄ ဧကရှိလယ်မြေပေါ်တွင် ကျင်းပသည်။

ချောင်းဆုံမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြသခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိလူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းကာ ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ(၁)နာရီက ဇီးကုန်း(တိုးချဲ့)(အ.မ.က) ကျောင်းတွင် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်