ချောင်းဆုံမြို့နယ်၌ ဆောင်းသီးနှံ (၉၀၇၉) ဧကစိုက်ပျိုးသွားမည်

ချောင်းဆုံ အောက်တိုဘာ ၂၈

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် ဒေသတွင်း စာသုံးဆီဖူလုံရန်နှင့် မိသားစု ဝင်ငွေတိုးပွားစေရန်အတွက် လာမည့် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် နွေးစပါးနှင့် ဆောင်းသီးနှံ စုစုပေါင်း (၉၀၇၉)ဧက စိုက်ပျိုးနိုင်ရန်အတွက်  လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့မှ သိရသည်။

မြို့နယ်အတွင်း လာမည်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နွေးစပါး(၁၂၄)ဧက၊ နေကြာ  (၃၉၃၇) ဧက၊ မြေပဲ (၁၀၆) ဧက၊ နှမ်း (၂၅) ဧက၊မတ်ပဲ(၃၇၂၀)ဧက၊ ပဲတီစိမ်း(၁၄၅၀)ဧက၊ ပဲလွန်း (၂၁)ဧက၊ ဘိုကိတ်(၇၅)ဧက၊ ပဲပုတ်(၅)ဧကနှင့် ပိုက်ဆံလျှော် (၂၀)ဧက  စုစုပေါင်း (၉၀၇၉)ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးဧရိယာများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား မှတ်တမ်းလွှာနှင့်အတူတာ ဝန်ပေးအပ်ခဲ့ကြောင်း တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သီးနှံအထွက်တိုး အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည့်မျိုးစေ့၊ စိုက်ပျိုးရေးနည်းပညာနှင့် အထောက်အပံ့များကို တာဝန်ရှိသူများမှ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)