ခေတ္တမွန်ပြည်နယ် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၇) နှစ်‌မြောက် နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ် သွေးလှူဒါန်းနေမှုကြည့်ရှုအားပေး

မော်လမြိုင် အောက်တိုဘာ ၂၉

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်‌မြောက် နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ရာ ခေတ္တ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က စုပေါင်းသွေးလှူဒါန်းပေးကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှအရာထမ်း၊ အမှုထမ်းများအားမော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ကြီးများ၊ သူနာပြုဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများမှ သွေးလှူဒါန်းကြသူများအား ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့်ကျန်းမာရေး စစ်ဆေးခြင်းများဆောင်ရွက်ပေးခြင်းနှင့် စုပေါင်းသွေးလှူဒါန်းခြင်းအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းပေး ခဲ့ကြသူများကို အားဆေးများ၊ ကြက်ဥနှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီးကအထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၏ (၃၇) နှစ်‌မြောက် နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းပေးခြင်းအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်၍ ခေတ္တ ပြည်နယ်ဝန်ကြီးချုပ်က  စုပေါင်းသွေးလှူဒါန်းပေးကြသူများအား ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ပြန်/ဆက်